အသစ်ပေါ်ပေါက်လာနေသော ဝက်မွေးမြူရေးပုံစံမျိုးကွဲများရှိ တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သောရောဂါများ စူးစမ်းလေ့လာရန်နှင့် ကာကွယ်ထိန်းချုပ်ရန်အတွက် ဘက်စုံပါဝင်သော စီမံခန့်ခွဲမှုအခြေပြုစီမံကိန်း

ဧပြီလ 29, 2019
စီမံကိန်းခေါင်းစဉ်အပြည့်အစုံ အသစ်ပေါ်ပေါက်လာနေသော ဝက်မွေးမြူရေးပုံစံမျိုးကွဲများရှိ  တိရစ္ဆာန်မှလူသို့ ကူးစက်တတ်သောရောဂါများ စူးစမ်းလေ့လာရန်နှင့် ကာကွယ်ထိန်းချုပ်ရန်အတွက်  ဘက်စုံပါဝင်သော စီမံခန့်ခွဲမှုအခြေပြုစီမံကိန်း (An Integrated Management-Based Approach for Surveillance and Control of Zoonoses in Emerging Livestock Systems (ZELS): Myanmar Pig Paternership)
ထောက်ပံ့သည့်အဖွဲ့အစည်း အင်္ဂလန်နိုင်ငံအစိုးရ
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း
  • ဗီယက်နမ်နိုင်ငံ၊ အောက်စ်စဖို့ တက္ကသိုလ် ဆေးသုတေသနအဖွဲ့ (OUCRU)
  • Sussex တက္ကသိုလ်ရှိ STEPS (Social, Technological and Environmental Pathways to Sustainability) Center
ကာလ (၅) နှစ်

၂၀၁၅-၂၀၁၆ ခုနှစ်မှ ၂၀၂၀-၂၀၂၁ ခုနှစ်အထိ

ဆောင်ရွက်သည့်နေရာ    ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှည်ကူး၊ တိုက်ကြီး၊ ဒဂုံ(တောင်) မြို့နယ်များ
ရည်ရွယ်ချက်
  • မြန်မာနိုင်ငံရှိ ဝက်မွေးမြူထုတ်လုပ်မှုစနစ်များနှင့်ဈေးကွက် ကွင်းဆက် တစ်လျှောက် ဝက်မှတစ်ဆင့်မှလူသို့ ကူးစက်တတ်သော ရောဂါများ အန္တရာယ် ကို ဆက်စပ်လျှက်ရှိသောသူများမှသိရှိနားလည်ရန်
  • ပြောင်းလဲလာသော မွေးမြူထုတ် လုပ်မှုစနစ်များကြောင့် ဘက်တီးရီးယား ကူးစက်ရောဂါများနှင့် ဘက်တီးရီးယား ရောဂါပိုး များ၏ ပဋိဇီဝဆေး ယဉ်ပါးမှု အခြေအနေအား လေ့လာဆန်းစစ်ရန်
အကျိုးကျေးဇူးရရှိသူများ
  • ဝက်မွေးမြူရေးခြံများ
  • သားသတ်ရုံများ
  • ဈေးများ
  • ရောဂါရှာဖွေရေးဓာတ်ခွဲခန်းများ
လုပ်ဆောင်ချက်များ
  • မြန်မာနိုင်ငံရှိ ဝက်မွေးမြူထုတ်လုပ်မှုစနစ်များ ရောင်းလိုအားကွင်းဆက်နှင့် ဆက်စပ်နေသော လူမှုစီးပွားရေးနှင့် အဖွဲ့အစည်းဆိုင်ရာ အချက်အလက်များ လေ့လာခြင်း
  • လက်ရှိမွေးမြူရေးဆိုင်ရာရောဂါများ၊ တိရစ္ဆာန်မှ လူသို့ ကူးစက်တတ်သော ရောဂါများနှင့် ဆက်စပ်နေသောအန္တရာယ်များလေ့လာခြင်း
  • လူသို့ကူးစက်ခံရနိုင်သော ဘက်တီးရီးယားရောဂါများနှင့် ပဋိဇီဝဆေးခုခံ ယဉ်ပါးမှုကို စူးစမ်းလေ့လာခြင်း
  • ဒေသဆိုင်ရာရောဂါရှာဖွေရေး ဓါတ်ခွဲခန်းများအားအဆင့်မြှင့်တင်ခြင်း
  • ခြံ၊ သားသတ်ရုံနှင့် လက်လီဆိုင်များတွင် ရောဂါထိန်းချုပ်ရေး လုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဆောင်ရွက်ခြင်း
အကျိုးကျေးဇူးများ
  • ဝက်မှတစ်ဆင့်လူသို့ကူးစက်တတ်သော ပဋိဇီဝဆေးယဉ်ပါးမှု ဖြစ်စေသည့် ရောဂါများကို ထိန်းချုပ်နိုင်ပြီး ပြည်သူ့ကျန်းမာရေး အတွက်ထိခိုက်စေနိုင် သည့် ဘေး အန္တရာယ်များကိုလျော့ချနိုင်ခြင်း
ပူးပေါင်းဆောင်ရွက်သည့်

အဖွဲ့အစည်းများ၏ Website Link များ

https://steps-centre.org/project/myanmar-pig-partnership

http://www.oucru.org