မြန်မာ့ကောင်းမွန်သော နို့စားနွားမွေးမြူမှုဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း

မေလ 31, 2019

 

စီမံကိန်းခေါင်းစဉ်အပြည့်အစုံ မြန်မာ့ကောင်းမွန်သော နို့စားနွားမွေးမြူမှုဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း
ထောက်ပံ့သည့်အဖွဲ့အစည်း နယူးဇီးလန်နိုင်ငံအစိုးရ
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း နယူးဇီးလန်နိုင်ငံအစိုးရ
ကာလ (၅) နှစ်

၂၀၁၄-၂၀၁၅ ခုနှစ်မှ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ

ဆောင်ရွက်သည့်နေရာ
  • နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး
  • စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်
ရည်ရွယ်ချက် နို့စားနွားမွေးမြူရေးခြံများကို ခေတ်မီနို့စားနွားမွေးမြူရေးခြံများ အဆင့်သို့ ရောက်ရှိ နိုင်ရေးနှင့် အရည်အသွေးမြင့် နို့နှင့်နို့ထွက်ပစ္စည်း ထုတ်လုပ် နိုင်ရေး
အကျိုးကျေးဇူးရရှိသူများ
  • နို့စားနွားမွေးမြုသူများ
  • နို့ပို့သူများ
  • နို့ကောက်စခန်းဝန်ထမ်းများ
လုပ်ဆောင်ချက်များ
  • စားကျက်ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခြင်း
  • နို့အရည်အသွေးမြင့်မားစေရန်ဆောင်ရွက်ပေးခြင်း
  • ထွက်နှုန်းကောင်းသောနို့စားနွားမျိုးများပေါ်ပေါက်စေရန် မျိုးမြှင့်သားစပ် ပေးခြင်း
  • အဆင့်မီမွေးမြူရေးလုပ်ငန်းသုံးပစ္စည်းများ အထောက်အပံ့ပေးခြင်း
  • သန့်ရှင်းလတ်ဆတ်မှုနှင့် အရောအနှောပါ၊ မပါစစ်ဆေးခြင်း
  • နို့ပို့သူများနှင့် နို့ကောက်စခန်းဝန်ထမ်းများအား အသိပညာပေးဆောင်ရွက်ခြင်း
အကျိုးကျေးဇူးများ
  • စားသုံးသူများအနေဖြင့် အရည်အသွေး ကောင်း မွန်သည့် နို့နှင့်နို့ထွက်ပစ္စည်း များဘေးကင်းစွာစားသုံးနိုင်ခြင်း၊
  • စျေးကွက်တွင်လည်း ယှဉ်ပြိုင် နိုင်စွမ်းရရှိလာခြင်း၊
  • နို့နှင့်နို့ထွက်ပစ္စည်းထုတ်လုပ်မှု ကုန်ကျစရိတ်နည်းပါးပြီး ထုတ်လုပ်မှု တိုးတက်လာ ခြင်းဖြင့် မွေးမြူ သူများ၏ လူမှုစီးပွားဘဝကိုတိုးတက်စေခြင်း
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ Website Link များ https://www.mfat.govt.nz

https://www.facebook.com/dairyMDEP