မြန်မာနိုင်ငံ ခေတ်မီပျားမွေးမြူရေးစီမံကိန်း

ဧပြီလ 29, 2019
စီမံကိန်းခေါင်းစဉ်အပြည့်အစုံ မြန်မာနိုင်ငံ ခေတ်မီပျားမွေးမြူရေးစီမံကိန်း
ထောက်ပံ့သည့်အဖွဲ့အစည်း အသက်မွေးဝမ်းကြောင်းနှင့် စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေအဖွဲ့ ( LIFT Fund)
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်း
  • ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲ
  • Tag International Development, Myanmar
ကာလ (၂) နှစ်

၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၁၈-၂၀၁၉ ခုနှစ်အထိ

ဆောင်ရွက်သည့်နေရာ   
  • တောင်ကြီး
  • ကလော
  • ပင်းတယ
  • ညောင်ရွှေ
  • ရွာငံ
  • ကယားပြည်နယ်
ရည်ရွယ်ချက်
  • ကျေးလက်နေပြည်သူများအတွက်ဖြစ်စေ၊ တစ်ဦးချင်းအတွက်ဖြစ်စေ ဘဝ အရည်အသွေးကို မြှင့်တင်ပေးရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ရန်
အကျိုးကျေးဇူးရရှိသူများ
  • ပျားမွေးမြူသူများ
လုပ်ဆောင်ချက်များ
  • ပျားမွေးမြူရေးလုပ်ဆောင်လိုသူများအား အခြေခံပျားမွေးမြူ ရေး သင်တန်းဖွင့်လှစ်ပို့ချခြင်း
  • လက်တွေ့ ပျားမွေးမြူရေးကို စတင်ဆောင်ရွက်နိုင်ရန် အတွက် ပျားအုံများကိုဖြန့်ဝေပေးအပ်ခဲ့ခြင်း
  • ပြည်ပပညာရှင်များမှ အဆင့်မြင့် ပျားမွေးမြူရေးသင်တန်းများပို့ချပေးခြင်း
  • TVET   ပျားမွေးမြူရေးသင်တန်းများပို့ချပေးခြင်း
  • အသေးစားစီးပွားရေးဆိုင်ရာ ပျားထွက်ပစ္စည်းလုပ်ငန်းဆောင်ရွက်မှုအနေဖြင့်  ပျား ဖယောင်း တိုင်အမျိုးမျိုး ဆန်းသစ်ပြုလုပ်ခြင်း၊ ပျားပရုတ်ဆီများ ထုတ်လုပ်ခြင်း
  • ပျားရည်နှင့်    ပျားထွက်ပစ္စည်း များ ဈေးကွက်ရရှိစေရန် လုပ်ဆောင်ပေးခြင်း
  • ပျားမွေးမြူသူများအတွက် သတင်း အချက်အလက်နှင့် အကြံဉာဏ်များပေးခြင်း၊
  • ပြည်သူများအတွက် ပျားလုပ်ငန်းနှင့် သက်ဆိုင်သည့်သတင်းအချက်အလက်များဖြန့်ဝေပေးခြင်း
  • စိုက်ပျိုးရေးနှင့် ပျားမွေးမြူရေး တို့ပေါင်းစပ်ဆောင်ရွက်ခြင်း Integrated Pest Management (IPM) ဖြင့် သီးနှံဖျက် ပိုးများကို ထိန်းချုပ်ခြင်း
အကျိုးကျေးဇူးများ
  • ဝတ်မှုန်ကူးဝန်ဆောင်မှုလုပ်ငန်းကြောင့် သီးနှံအထွက်တိုးပြီး တောင်သူများ အတွက်လည်းအကျိုးဖြစ်ထွန်းစေခြင်း
ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများ၏ Website Link များ    http://www.tagdevelopment.org

   https://www.lift-fund.org